Contact Us

HONEY မုန့်သုံးကုန်ကြမ်းဖြန့်ချိရေးလုပ်ငန်းကို ၂၀၀၄ ခုနှစ်တွင် အမှတ်(၁၃၃)၊ လမ်း ၃၀၊ ၈၁ လမ်း နှင့် ၈၂ လမ်းကြား၊ မန္တလေးမြို့ ၌ စတင်ဖွင့်လှစ်ထားပါသည်။ ထို့နောက် ၂၀၀၅ ခုနှစ်မှစ၍ WISDOM စားသောက်ကုန်စက်အမျိုးမျိုးရောင်းဝယ်ရေး ဟု ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်ပါသည်။

HONEY မုန့်သုံးကုန်ကြမ်းဖြန့်ချိရေးလုပ်ငန်း၌ အဓိကရောင်းချပေးနေသော ကုန်ကြမ်းများမှာ မုန့်ဖိုသုံးကုန်ကြမ်း၊ အအေးဆိုင်သုံးကုန်ကြမ်း၊ ပါကင်အိတ် နှင့် ဗူးအမျိုးမျိုး ဖြစ်ပါသည်။ WISDOM စားသောက်ကုန်စက်အမျိုးမျိုးရောင်းဝယ်ရေး မှ အဓိကရောင်းချပေးနေသောစက်များမှာ မုန့်ဖိုသုံးစက်များ၊ အအေးဆိုင်သုံးစက်များ၊ ပါကင်အိတ်၊ ဗူးပိတ်စက်များ နှင့် မုန့်ဖိုစက်ရုံကြီးသုံးစက်ယန္တရားများ ဖြစ်ပါသည်။

ထို့ပြင် ရောင်းချနေသော ကုန်ကြမ်းများနှင့် စက်ယန္တရားများသည် အရည်အသွေးကောင်းမွန်၍ အာမခံများလည်းရှိသည်။ ထို့အတူ ဝန်ဆောင်မှုကောင်းများကိုလည်း အမြဲစဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေပါသည်။

HONEY မုန့်သုံးကုန်ကြမ်းဖြန့်ချိရေးလုပ်ငန်း နှင့် WISDOM စားသောက်ကုန်စက်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်း ကို ယခုအချိန်အထိ ၁၀ နှစ်ကျော်ကြာမြင့်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မိတ်ဟောင်းမိတ်သစ်များ၏ ယုံကြည်ချက် နှင့် အားပေးမှုများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ HONEY မုန့်သုံးကုန်ကြမ်းဖြန့်ချိရေးလုပ်ငန်း နှင့် WISDOM စားသောက်ကုန်စက်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်း မှ နောင်လည်း ဒီထက်မက ကောင်းမွန်သောအရည်အသွေး နှင့် ဝန်ဆောင်မှုကောင်းများကိုလည်း မိတ်ဟောင်းမိတ်သစ်များနှင့်အတူ ဆက်လက်ကြိုးစားနေလျက်ရှိပါသည်။

ထို့ကြောင့် လူကြီးမင်းတို့ လိုအပ်သော မုန့်သုံးကုန်ကြမ်းပစ္စည်းများနှင့် စားသောက်ကုန်စက်အမျိုးမျိုးတို့ကို ကောင်းမွန်သော အရည်အသွေးများနှင့် သင့်တင့်သောဈေးနှုန်းများဖြင့် ရောင်းချပေးနေသည့်အတွက် လာရောက်ဝယ်ယူရန် လူကြီးမင်းတို့အား ဖိတ်ခေါ်ပါရစေ။

ထာဝရအစဉ်လေးစားလျက်……….

HONEY မုန့်သုံးကုန်ကြမ်းဖြန့်ချိရေးလုပ်ငန်း

WISDOM စားသောက်ကုန်စက်အမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်း